မွန်တော်လှန်ရေးအပေါ် နာလည်မှု ရှိနိုင်ကြပါစေ


အချိန်ကား တိမ်လွှာတိမ်တိုက်များ မည်းမှောင်အုံ့မှိုင်းလျက် မိုးတဖွဲဖွဲရွာနေတဲ့ အခါသာမယဖြစ်တယ်။ ရာသီဥတုအပေါ် အပြစ်ရှာကာ အများသူငါ ပျင်းရိနေကြတယ်။ သို့သော် မွန်လူမျိုးတို့ဟာ မဟာဗမာ လူမျိုးကြီးဝါဒီ (အားလုံးသော ဗမာလူမျိုးမဟုတ်၊ လူမျိုးကြီးဝါဒကို စွဲကိုင်ထားသော ဗမာများသာ)ကို တော်လှန်ရန် ကြံစည်ခဲ့ရတယ်။

သာသနာအပေါ် ကြည်ညိုကာ ဥဘုသ်နေ့ရောက်တဲ့အခါ ဘုန်းကြီးကျောင်း၊ ဘုရားစေတီပုထိုးများတွင် အလှူဒါန၊ သီလစောင့်တည်ရန် ရည်သန်လျက်ရှိသော မွန်လူမျိုးတို့ဟာ သက္ကရာဇ် ၁၃၁၀ ခုနှစ် ၀ါခေါင်းလပြည့်နေ့တွင် ဖဆပလ အစိုးရကို မလွဲမရှောင်သာပဲ စတင်တော်လှန်ရပါတော့တယ်။ ၎င်းနေ့ကို “မွန်တော်လှန်ရေးနေ့” ဟု မွန်တို့ခေါ်ဆို သမုတ်လာခဲ့ပြီး မွန်တော်လှန်ရေးခရီးဟာလည်း ၆၃ နှစ်တိုင် ကြာလာနေခဲ့ပြီ။ အကြောင်းကား ဘာကြောင့်လဲ။ အနည်းအကျဉ်း ထောက်ပြပါရစေ။

မွန်တို့ရဲ့ နောက်ခံသမိုင်းနဲ့ လူမျိုးအင်္ဂါရပ်

မွန်လူမျိုးတို့ဟာ အစဉ်အလာအရ မြစ်ဝှမ်းဒေသများတွင် လယ်ယာနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုလာခဲ့ကြတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လေ့ရှိပြီး သူတပါးအပေါ် ရန်မရှာလို။ ကုန်သွယ်ဖက် နိုင်ငံများအား တလေးတစား ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကာ မြန်မာနိုင်ငံတောင်ပိုင်း သုဝဏ္ဏဘုမ္မိ(သထုံ)၊ ဟံသာဝတီ (ပဲခူး)၊ ပါဒနဲ့ ထိုင်းနိုင်ငံတွင် ဒွါရဝတီ၊ ဟရိဘုဉ္ဇ အစရှိတဲ့ မြို့ပြနိုင်ငံများ တည်ထောင်ပြီး မှီတင်းနေထိုင် လာကြခဲ့တယ်။ သမိုင်းရာဇ၀င်အရ ကိုယ့်ထီး ကိုယ့်နန်း ကိုယ်ပိုင်လွတ်လပ်ရေး၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ စီးပွားရေး အစရှိတဲ့ လူမျိုးတမျိုးရဲ့ အင်္ဂါရပ်များနဲ့ ပြည့်စုံတဲ့ လူမျိုးဖြစ်တယ်။

အေဒီ ၁၇၅၇ ခုနှစ်တွင် ဗမာဘုရင် အောင်ဇေယျရဲ့ မျိုးဖြုတ် အမျိုးသားရေး ဖိနှိပ်သုတ်သင်မှုကြောင့် ထီးနန်းဆိတ်သုဉ်းကာ လွတ်လပ်သောလူမျိုး အဖြစ်မှ တပါးကျွန်ဘ၀သို့ ရောက်သွားခဲ့ရရှာတယ်။ မည်သို့ဆိုစေ ၁၈၈၅ မြန်မာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက် ကျရောက်ပြီးနောက် “လွတ်လပ်ရေး တိုက်ပွဲတွင် မြန်မာ ၅ဝဝဝ မွန် ၃ဝဝဝ ပါဝင်ခဲ့သည်”ဟုလည်း ဖဆပလအဖွဲ့ချုပ် ဥက္ကဌဖြစ်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းက ဖော်ပြခဲ့တယ်။ ဤအချက်ကိုကြည့်လျှင် ရန်ငြိုးထားလိုစိတ် မရှိကြောင်းနဲ့ ပြည်ထောင်စုသား စိတ်ဓါတ်ရှိကြောင်း သာဓက ပြနေပါတယ်။

မွန်တို့ တော်လှန်ရတဲ့ အကြောင်းအရင်းများ

မွန်လူမျိုးတို့မှာ ဖေါ်ပြပါ လူမျိုးတမျိုးရဲ့ အင်္ဂါရပ်များနဲ့ ပြည့်စုံပြီး ပြည်ထောင်စုဖွား တိုင်းရင်းသား စိတ်ဓါတ်ဖြင့် လွတ်လပ်ရေး တိုက်ပွဲတွင် အသက်သွေး ချွေး ပေးဆပ်ကာ ပါဝင်ခဲ့စေကာမူ ၁၉၄၈ ခုနှစ် ဇန္န္နဝါရီလ (၄) ရက် မြန်မာနိုင်ငံ လွတ်လပ်ရေးကြေငြာရာတွင် မွန်ပြည်နယ် မပါဝင်ချေ။ “ပြည်ထောင်စုမြန်မာနိုင်ငံတော်” အဖြစ် အမည်နာမ ပေးရာတွင် ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းဝိသေသတိုင်း စသည်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ကာ မွန်လူမျိုးတို့မှာ ချင်း၊ ကချင်၊ ကယားကဲ့သို့ လူမျိုးရေးအရ အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။

တဖန် လွတ်လပ်ရေး ရပြီးနောက် ဖ ဆ ပ လ အစိုးရက မွန်လူမျိုးတို့အပေါ် ထားရှိတဲ့ သဘောထားမှာ အောင်ဇေယျလက်ထက် ပြင်းထန်သော လူမျိုးရေး ဖိနှိပ်မှုကြောင့် မွန်လူမျိုးတို့မှာ ယိုးဒယား(ထိုင်း) သို့တိမ်းရှောင်ထွက်ပြေးကြ၊ အချို့မှာမိမိကိုယ်ကို မွန်အဖြစ်မပြောရဲကြ၊ ဒါ့အပြင် မြန်မာပြည်အလယ်ပိုင်းမှ ဗမာများ အောက်မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ရင်းနဲ့ မွန်တို့သွေးနှောကုန်ပြီး လူဦးရေအရအနည်းဆုံးနှင့် ချေမှုန်းရန်လွယ်ကူသော လူမျိုးဖြစ်၍ မွန်တို့တောင်းဆိုချက်ကို လိုက်လျောခြင်း မပြုခဲ့ချေ။ “မွန်နှင့်ဗမာအတူတူပဲ” ဆိုသော ဗမာ့နိုင်ငံရေး ခေါင်းဆောင်တို့၏ အတင်းတူခိုင်းခြင်းနှင့် ဗမာနဲ့ရောကာ ပြည်ပတွင် ဗမာအနေဖြင့် ထည့်သွင်းခံခဲ့ရတယ်။

အထက်ပါ အခြေအနေများကြောင့် မွန်လူမျိုးရေး ရာအဖွဲ့ချုပ်ဟာ ငြိမ်းချမ်းသော ဒီမိုကရေစီလှုပ်ရှားမှု အသွင်ဖြစ် ၁၉၄၈ နှစ်ဦးပိုင်းတွင် မွန်ပြည်နယ် ဆန္ဒပြပွဲကြီးကို ပြုလုပ်ခဲ့ကြတယ်။ ၎င်းဆန္ဒပြပွဲကြီးမှာ မွန်သံဃာတော်များအပါအ၀င် အလွှာအသီးသီးမှ မွန်လူမျိုး ထောင်ပေါင်းများစွာ တို့က “မွန်ပြည်နယ်ချက်ချင်းပေး” ဟူသောကြွေးကြော်သံနဲ့အတူ မော်လမြိုင်တွင် စည်းကမ်းသေဝပ်စွာ ဆန္ဒပြကြတယ်။ ဆန္ဒြပပွဲကြောင့် မွန်အမျိုးသားတို့ရဲ့ ဇာတိသွေးဇာတိမာန် တက်ကြွလာသည့်အလျှောက် ဖဆပလအစိုးရလည်း မွန်တို့ရဲ့ လှုပ်ရှားမှုကို စေ့စပ်သေချာစွာ စောင့်ကြည့်နေခဲ့တယ်။ တခါတရံ ဆိုရှယ်လစ်ပါတီ ပြည်သူ့ရဲဘော်တပ်ဖွဲ့တို့က ရန်စကျူးကျော်မှု ပြုလုပ်လာသော်လည်း မိမိတို့မွန်ပြည်နယ် ရရှိရေးကိုသာ ဦးတည်လုပ်ဆောင် လာခဲ့ကြတယ်။

မွန်လူမျိုးရေးရာအဖွဲ့ချုပ်သည် မိမိတို့ဦးဆောင်လှုပ်ရှားသော မွန်ပြည်နယ် ဖော်ထုတ်ရေးကိစ္စရပ်များ ပြီး မြောက်အောင် ဆောင်ရွက်နိုင်ရန် စည်းရုံးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာခဲ့တယ်။ ထိုသို့ စည်းရုံးရေးလုပ်ငန်းများ အောင်မြင်လာသည်နှင့်အမျှ ဖဆပလအစိုးရကလည်း မွန်အမျိုးသား ခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် စတင်ရန်ပြုလာပါတယ်။ မွန်အမျိုးသားတို့အား နိုင်ငံရေးအရ ထိုးစစ်ဆင်လာပြီး မွန်ခေါင်းဆောင်များအား ရှာဖွေခြင်း၊ နယ်ရှိခေါင်းဆောင်များအား ခြိမ်းခြောက်ခြင်းများ ပြုလာပြန်တယ်။ ထို့ကြောင့် မွန်လူမျိုးတို့ဟာ မိမိတို့ ရပိုင်ခွင့်အခွင့်အရေးနဲ့ မွန်ပြည်နယ်ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနည်းနဲ့ မရနိုင်ကြောင်း နားလည်သဘောပေါက်လာပြီး သက္ကရာဇ် ၁၃၁၀ ၀ါခေါင်းလပြည့်နေ့တွင် ရဲစခန်းများမှ သေနပ်လုပြီး လက်နက်ကိုင်တော်လှန်ရေးကို မလွှဲမရှောင်ဘဲ စတင်တော်လှန်ရတော့တယ်။
အထက်ပါ မွန်တို့ လက်နက်စွဲကိုင် တော်လှန်ရတဲ့ အနေအထားကိုကြည့်လျှင် တော်လှန်ရေးတို့မည်သည် သူ့အလိုအလျှောက် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ဖိနှိပ်မှုကြောင့် ဖိနှိပ်မှုမှ ရုန်းထွက်လိုမှု ဖြစ်ပေါ်ကာ တော်လှန်ရေး ပေါ်ပေါက်လာရတယ်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှုတို့ကြောင့် ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီ တောင်းဆိုမှု အရေးတော်ပုံနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာရတဲ့အလား မွန်တို့လည်း မလွဲမရှောင်ဘဲ လက်နက်စွဲကိုင် တော်လှန်ရတယ် မဟုတ်ပါလော။ ဤဒီကား အကြောင်းကြောင့် အကျိုးဖြစ်လာရတယ်။

မွန်အမျိုးသားတို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု

မွန်လူမျိုးတို့သည် မလွဲမရှောင်သာ မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင် တော်လှန်ရသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး ရရှိရေးအတွက် အခါအခွင့် သင့်သလို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦး ဥက္ကဌနိုင်အောင်ထွန်း ဦးဆောင်ကာ ဦးနုအစိုးရထံလက်နက်အပ်ပြီး ပါလီမန်အတွင်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ကြတယ်။ ၁၉၉၅ တွင်လည်း မွန်ပြည်သစ်ပါတီက စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရင်း အခြားသောညီရင်းအစ်ကို တိုင်းရင်းသားများနဲ့ လက်တွဲကာ အမျိုးသားညီလာခံမှာ တိုင်းရင်းသားတို့ရဲ့ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ငြိမ်းချမ်းစွာ ဆွေးနွေးတိုင်ပင်ခဲ့တယ်။ သို့သော် န အ ဖ တဖြစ်လည်း စစ်အစိုးရက ၎င်းတို့တင်ပြချက်များကို လျစ်လျူရှုခဲ့တယ်။

မွန်လူမျိုးနဲ့ အခြားတိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအတွက် လုံးဝအာမခံချက် မရှိတဲ့ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်၊ ဌာနေပြည်သူ့စစ် အစီအစဉ်ကို မွန်ပြည်သစ်ပါတီနဲ့ ၎င်းတို့ရဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က လက်မခံ ငြင်းဆံနေရသည်ပင်လျှင် ၁၉၉၄ ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ခဲ့သော တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်အောင် အခြားသော ဘ၀တူ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲပြီး ကြိုးစားဆောင်ရွက်နေဆဲ။ သို့သော် အခြားတဖက်တွင် စစ်အစိုးရဖက်မှ နိုင်ငံသူ နိုင်ငံသားတို့ရဲ့ ဆန္ဒကို လျစ်လျူရှုကာ “ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်” ပုံစံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ၊ ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်နဲ့ တနိုင်ငံလုံး စစ်ကျွန်ဘ၀အဖြစ်သို့ ဖိနှိပ်သွပ်သွင်းနိုင်ရန် လုပ်ဆောင်နေဆဲပင်။

ဖိနှိပ်မှုကြောင့် ဖိနှိပ်သူနှင့် အဖိနှိပ်ခံရသူတို့ ရင်ဆိုင်ရတဲ့ ဆိုးကျိုးများ

မြန်မာနိုင်ငံသမိုင်းကြောင်းကို ပြန်ပြောင်းအောင့်မေ့သော် ဗမာဘုရင် အနော်ရာထာ၊ ဘုရင့်နောင်၊ အောင်ဇေယျနဲ့ နောက်လိုက်ဗိုလ်ပါတို့ရဲ့ ဖိနှိပ်မှုကြောင့် ဖိနှိပ်ခံရသူ ရခိုင်၊ မွန်၊ ရှမ်း၊ ကချင်တို့မှာ ၎င်းတို့ရဲ့ အချုပ်အခြာပိုင် လွတ်လပ်သော လူမျိုးဘ၀ ဆုံးရှုံးသွားခဲ့ရတယ်။ ဤအကြောင်းများကြောင့် ဖိနှိပ်ခံရတဲ့ လူမျိုးတွေထဲက အချို့မှာ ဖိနှိပ်သူ ဗမာတွေအပေါ် မုန်းတီးလာကြတယ်။ ယခုဘာမှ မသက်ဆိုင်သည့်ဗမာတွေ အငြိုအငြင်ခံရတယ်။ တခါတရံ “ဗမာတွေအပေါ် မမုန်းနဲ့၊ ရှေးက ဘုရင်တွေကိုသာ မုန်းပါ” ဟု ၎င်းတို့ဘုရင်တွေကို ဗမာခေါင်းဆောင် ဗမာလူမျိုးအဖြစ် အသိအမှတ်မပြုချင်တဲ့အထိ ဖြစ်လာတယ်။

ဒါ့အပြင် လူမှုရေးနဲ့ နိုင်ငံရေးအမြင်ရှိသူ အချို့ပင်လျှင် သံသယမကင်းစွာနဲ့ ပေါင်းသင်းဆက်ဆံနေရ။ ရံဖန်ရံခါ သာမန်စကားဝိုင်း သာမန်ဆွေးနွေးပွဲများတွင် အမျိုးသားရေးဝါဒီ ကိုင်စွဲသူနဲ့ အမျိုးသားရေး အမြင်ကျဉ်းသူဟူ၍ အခြေအတင် စွတ်စွဲပြောဆိုမှုကို နှစ်ဖက်စလုံး ခံရတယ်။ နှစ်ဖက်စလုံးအတွက် အကျိုးမရှိ။

လက်ရှိအနေအထားတွင် န အ ဖ စစ်သားတွေ တိုင်းရင်းသားနယ်မြေတွေ ရောက်တဲ့အခါ ရွာတွေမီးရှို့၊ လူယက်ဖျက်ဆီး၊ သမီးပျို လူအိုအမျိုးသမီးတွေကို မုဒိန်းကျင့်တော့ ခံရတဲ့ တိုင်းရင်းသား အချို့ကလည်း “ဗ-ဗမာမျိုး လှံနဲ့ထိုး” ဟူ၍လည်း ဗမာလူမျိုးတို့ ကျိန်းမောင်းပြောဆိုခံရတယ်။ ဒါကလူမျိုးတမျိုးနဲ့ အခြားလူမျိုးအကြား ရှုံ့ချအပြစ်ဆိုတဲ့ အနေအထား။ စစ်အစိုးရရဲ့ လူမဆံတဲ့လုပ်ရပ်ကြောင့် ဗမာတမျိုးလုံးခံရတယ်။

ဤမျှမကသေး။ ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီတောင်းဆိုမှုနဲ့ ရွှေဝါရောင်တော်လှန်ရေးတွေမှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေကို သတ်ဖြတ်နှိပ်စက်ခဲ့မှုကြောင့် န အ ဖ အစိုးရခေါင်းဆောင်တွေ ပြည်ပခရီးထွက်တိုင်း ကျိန်းမောင်းဆဲဆိုခံရတာက နားနဲ့မဆန့်။ ထင်ရှားသည်မှာ ဒီနှစ်အတွင်း ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် အမေရိကန်ရောက်တော့ ဆဲဆိုကျိန်းမောင်းမှုအပြင် ဖိနပ်နဲ့ အပေါက်ခံရသေးတယ်။ ဒါက လူမျိုးတမျိုးတည်းအတွင်း ရှုံ့ချခံရတဲ့ အနေအထား။ ဘယ်လောက်ပင် ရှက်စရာကောင်းသလဲ။ ခြုံကြည့်သော် ဖိနှိပ်မှုကြောင့် ဖိနှိပ်ခံရသူဘက်မှု ထွက်ပြေးတိမ်းရှောင် ပျက်စီးသွားတဲ့နည်းတူ ဖိနှိပ်သူဖက်မှာလည်း ရှုံ့ချ ၀ိုင်းပယ်ခံရမှုများနဲ့ နှစ်ဖက်စလုံးအတွက် စိတ်မချမ်းမြေ့ဖွယ်။

ဒါဖြင့် ဒီဖိနှိပ်တွေ အဆုံးသတ်သွားရန် ကြိုးပမ်းဖို့လိုပါတယ်။ ကြိုးစားရာတွင် အပြစ်ရှောင်ရုံသဘော ဗိုလ်စောမောင်၊ ခင်ညွန့်တို့အား ဖြုတ်ချပြ ချုပ်နှောင်ပြရုံနဲ့ လူသာပြောင်း မူမပြောင်းခဲ့သော် အမုန်းသံသယာ အဆုံးသတ်နိုင်မှာ မဟုတ်တော့ပါ။ ပြည်ထောင်စု တည်ဆောက်ရန်လည်း အဟန့်အတားပင်။

အချုပ်ဆိုရသော် မွန်တို့ယနေ့တိုင် လက်နက်စွဲကိုင် တော်လှန်နေရသည်မှာ လူမျိုးတမျိုးက အခြားလူမျိုးတမျိုးအပေါ် မုန်းတီး၍မဟုတ်၊ လူမျိုးကြီးဝါဒီအား ဆန့်ကျင်တော်လှန်နေခြင်း ဖြစ်သကဲသို့ လူမျိုးတမျိုးရဲ့ အင်္ဂါရပ်များနဲ့ ပြည်စုံတဲ့ ကိုယ့်ကြမ္မကိုယ်ဖန်တီးနိုင်ခွင့် အခွင့်အရေးအတွက် တိုက်ပွဲဝင် တော်လှန်နေရတာ ဖြစ်တယ်။ ဤအခွင့်အရေးများ မရရှိသရွေ့ မည်သို့သော နည်းနဲ့မဆို မလွဲမရှောင် ဆက်လက်တော်လှန်နေရမည်ဖြစ်ပြီး ဤတော်လှန်ရေးအပေါ်တွင်လည်း နားလည်းမှု ရှိနိုင်ကြပါစေ။

မင်းချမ်းမွန်

စာရေးသူ မင်းချမ်းမွန်သည် နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီ (Overseas Mon Coordinating Committee) တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်သည်။

မင်းချမ်းမွန်


အကြံပြုချက်များ

အမည် .. သူရမွန်
အီမေလ် .. thuyamon@gmail.com
နေ့စွဲ .. Sun, 12 Sep 2010 14:21:50 -0400
ကျွန်တော့အထင်တစ်ခုတော့ပြောချင်ပါတယ် ယခုဆောင်းပါးမှာဖော်ပြထားတဲ့ မွန်တော်လှန်ရေးအပေါ်နားလည်မှု ရှိနိုင်ကြပါစေ ဆိုတဲ့ခေါင်းစဉ် က နည်းနည်းလေးပျော့နေသယောင် ရှိသလိုပဲလို့ထင်ပါတယ်.... ဒါသည်မဖြစ်မနေဆောင်ရွက်ပြုမူရမည့် ကိစ္စတစ်ရပ်အဖြစ်သော်လည်းကောင်း ၊ သမိုင်းပေးတာဝန်တစ်ရပ် အနေဖြင့်သော်လည်းကောင်း မွန်လူမျိုးတိုင်းရဲ့ ရင်ထဲမှာ ထာဝရ စွဲ မှတ်ထားရမည့်ကိစ္စလို့ထင်ပါတယ်... တော်လှန်ရေးဆိုတာကလည်း လက်နက်စွဲကိုင်မှမဟုတ်ဘူး စိတ်ဓါတ်ရေးရာမှာလည်းအမြဲတမ်း တော် လှန်နေသင့်ပါတယ်... ဗမာမုန်းတီးရေးကိုပြောတာမဟုတ်ပါ မိမိမွန် လူမျိုးတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးတန်းတူရရှိရေးအတွက် စကားပြော ရာကအစ ၀တ်စားဆင်ယင်မှုနဲ့ ရိုးရာထိန်းသိမ်း ရာကအဆုံး အမြဲတမ်း ရောနှောမှုများမပြုလုပ်သင့်ဘူးလို့ထင်ပါတယ်...တချို့ဆိုရင် မွန်အချင်း ချင်းပြောဆိုရာမှာ ဗမာစကားကိုကြားညှပ်ပြောမှ ခေတ်မီ တယ်လို့ထင်နေသူများရှိလာကြသလို ၊ ဘုန်းကြီးကျောင်းသွားရာတွင် လည်း မွန်ဝတ်စုံကိုတူညီဆင်မြန်းရမည့်အစား ပြီးစလွယ် တခြားအ၀တ် အစားများဖြင့်သွားလာနေကြသည်ကိုလည်း တွေ့မြင်ရပါတယ်... များ သောအားဖြင့် နောင်တခေတ်ရဲ့ နိုင်ငံ့သားကောင်း ၊ နောင်တစ်ခေတ် ရဲ့ခေါင်းဆောင်ကောင်းများဖြစ်လာမဲ့ ယနေ့လူငယ်များ ရဲ့ စိတ်ဓါတ် တွင် မှားယွင်းသော အယူအဆများ ၊ အထိအတွေ့ ၊ အကြားအမြင်များ မဖြစ်ပေါ်နိုင်စေရန်အတွက် အထူးဂရုပြုပြီး ပြုမူပြောဆိုဆောင်ရွက် သွား သင့်ပါတယ်..နောက်ပြီး အခါအားလျှော်စွာ မိမိမွန်လူမျိုးတို့ရဲ့ မြင့် မြတ်တဲ့သမိုင်းကြောင်းကိုလည်း ပြောဆိုသွားသင့်ပါတယ်လို့ ၊ လက်ရှိသတ်မှတ်ထားသည့် မွန်ပြည်နယ်ဆိုသည်မှာ ယခင်က မွန်နိုင်ငံ တော်ရဲ့ အစိတ်အပိုင်းကလေးတစ်ခုအရွယ်လောက်သာရှိသည်ကို လည်း အမြဲတမ်းသတိချပ်ထားသင့်ပါတယ်...ငိုတတ်တဲ့ကလေးက အရိုက်ခံရတတ်ပေမဲ့ တခြားကလေးတွေထက်တော့ မုန့် ပိုစားရ တတ်တယ်ဆိုတာကိုမမေ့စေချင် ပါ... ရပ်ထဲရွာထဲက မွန်ကာလသား အချို့တွေဆိုရင်လည်း ဖွန်ကိစ္စနဲ့ အချင်းချင်း ရန်ဖြစ်ကြ ခြောင်းမြောင်း ရိုက်ခတ်နေကြမဲ့အစား အချင်းချင်းစည်းလုံးညီညွတ် စွာနေထိုင်ပြီး အမျိုးသားဖွံ့ဖြိုးတိုးရေးကိစ္စများမှာ ယခုထက်ပါဝင် လာဖို့ တွန်းအားပေးသွားသင့်ပါတယ်...အထူးသဖြင့် သထုံခရိုင် ဒေသ ဘက်ရှိ မွန်လူငယ်များ ယခုထက်ပိုမိုအားထည့်ရန်လိုမည်ဟုထင်ပါ သည်။ မွန်ပြည်နယ်မြေပုံကိုကြည့်လိုက်ပါက အလွန်သေးငယ်နေသည် ကိုတွေ့ရမှာပါ ဒါပေမဲ့ သည်သေးငယ်သောပြည်နယ်မှာရှိသည့် မွန်လူ မျိုးအားလုံးမှာ တစ်သွေးတည်းတစ်သားတည်းရှိမနေပါက သည့်ထက် ကျယ်ပြောလှသည့် မွန်နိုင်ငံတော်ကြီးဖြစ်လာပါက ဘယ်ကဲ့သို့ နေထိုင် နိုင်ကြမည်လည်းဆိုတာ တွေးတောသင့်ပါတယ်... လူကြီးတွေကလည်း သူဘာသာသူနေ လူငယ်တွေကလည်း ခေတ်ရေစီးကြောင်း(ဗမာစရိုက် ရေစီးကြောင်း)ကိုလိုက်ပြီး ဗမာကျောင်းမှာ ဗမာစာသင် ၊ ဗမာ ကား ကြည့် ဗမာသီချင်းဆိုပြီး ပျော်နေကြမည်ဆိုလျှင် နောင်တစ်ချိန်မှာ မွန် ဆိုသည့် လူမျိုး ရှိခဲ့တယ်ဆိုတာကို ကျောက်မှာသာတွေ့လာနိုင်ပါတယ် ဒါကလည်း မိုးမပြို ပြိုခဲ့သည်ရှိသော် ဆိုတဲ့အတွေးလိုမျိုးမဟုတ်နိုင်ဘူး လို့ထင်ပါတယ် ရှေးကသာဓကတွေလည်းရှိခဲ့တယ်မဟုတ်လား ယခင်ကပျူလူမျိုးဆိုတာ ကိုယခုခေတ်လူငယ်တွေထဲက သိတဲ့သူတွေ တောင်တော်တော်ရှားသွားပါပြီ ကျောက်စာဆိုရင်လည်း ယခုခေတ် အစိုးရက သူတို့ရဲ့ မျိုးဆက်လို့ဆက်ခံထားလို့သာ ထိန်းသိမ်းထား တာပါ သူတို့ရဲ့ ရန်သူလူမျိုးဖြစ်ခဲ့မယ်ဆိုရင် ဥပမာ ပျူနေရာမှာ မွန်လူမျိုးသာဖြစ်ခဲ့မယ်ဆိုရင် အခုချိန်လောက်ဆိုရင်အဲဒီလူမျိုးကို ရှိခဲ့ တယ်ဆိုတာကို ပုံပြင်ဆန်ဆန်လောက်သာသိလာနိုင်မယ်ဆိုတာ ယုံမှားသံသယဖြစ်ဘွယ်မရှိဘူးလို့ထင်ပါတယ်... ဒီအချိန်မှ ကိုယ့် လူမျိုးကို ချစ်တဲ့စိတ်ကို အမြင့်ဆုံးထားနိုင်မှာ တော်ရုံကျနိုင်မည်လို့ ထင်မြင်မိပါတယ်...အထက်ပါဆောင်းပါးကိုဖတ်ရတဲ့အတွက်လည်းအလွန်ကျေးဇူးတင်ပါတယ်။
Name of sender: မွန်လေး
Email of sender: petejansdk@gmail.com
Date: Wed, 25 Aug 2010 19:39:04 -0400

ဆောင်းပါးလေးတော့ကောင်းပါတယ်ဒါပေမဲ. မင်းကရောမွန်ပြည်သစ်ကိုဘာတွေကူညီနေလဲမင်းတို့နိုင်ငံတကာရောက် မွန်ခေါင်းဆောင်လုပ်စားနေတဲ့ ကောင်တွေကိုငါကြည့်မရတော့ဘူးပါးစပ်နဲ့အာနေတာများပြီလက်တွေ့တော့ မွန်ပြည်သစ်တပ်မတော်ကိုတလ၁ဒေါ်လာတောင်မ ထောင့်ပတ်ကြဘူးလူမျိုးကိုတကယ်ချစ်ရင် အမျိုးအတွက်အကျိုးရှိအောင်လက်တွေ့လုပ်အာရမဲ့အချိန်မရှိတော့ဘူး။

ဇိုယာဖန်း ကမ္ဘာ့လူငယ် ခေါင်းဆောင် ရွေးချယ်ခံရ

Thursday, 04 March 2010 18:39 သန်းထိုက်ဦး
ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ စီးပွားရေး ဖိုရမ် အဖွဲ့ (World Economic Forum) က ၂၀၁၀ ခုနှစ် အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသူ ဇိုယာဖန်းကို ကမ္ဘာ့ လူငယ် ခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်သည်။

[ဇိုယာဖန်း (ဓာတ်ပုံ - Jeff Gilbert)] ယင်း ရွေးချယ်မှုကို အသက် ၄၀ အောက် အရွယ် လူငယ် ၅၀၀၀ ခန့် အမည် စာရင်း တင်သွင်း ခံရပြီးနောက် ဆန်ခါတင် နိုင်ငံပေါင်း ၇၂ နိုင်ငံမှ လူငယ် ခေါင်းဆောင် ၁၉၇ ဦးထဲတွင် ၎င်းက (Young Global Leader) ဟူသော ကမ္ဘာ့လူငယ် ခေါင်းဆောင် အဖြစ် ရွေးချယ် ခံခဲ့ရခြင်း ဖြစ်သည်ဟု ရွေးချယ်ခံရသူ ဇိုယာဖန်းက ဧရာဝတီသို့ ပြောသည်။

“ဒီလိုမျိုး ရွေချယ် ခံရတာက တယောက်တည်း အတွက် မဟုတ်ဘူး ဆိုတာ ကျမ မြင်ပါတယ်၊ မြန်မာပြည် တပြည်လုံးရဲ့ လူ့အခွင့် အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသားတွေ အားလုံး အခွင့်အရေး အတွက် လှုပ်ရှားနေတဲ့ အလုပ် အကိုင် တွေကို သူတို့ အသိအမှတ် ပြုတယ်လို့ ကျမမြင်ပါတယ်”ဟု သူက ပြောသည်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်က ကမ္ဘာ့လူငယ်ခေါင်းဆောင်များ အဖြစ် ရွေးချယ်ခံရသူများကို လာမည့် မေလ ၂ ရက်နေ့တွင် တန်ဇန်းနီး ယား နိုင်ငံ Da res Salaam မြို့တွင် တွေ့ဆုံရန် ဖိတ်ကြားထားသည့် အတွက် မြန်မာနိုင်ငံ၏ အခြေအနေကို တင်ပြဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု ဇိုယာဖန်းက ဆိုသည်။

“အဲဒီမှာ သွားတက်မယ့် လူတွေကတော့ စီးပွားရေး ခေါင်းဆောင်တွေ ပိုများတယ်၊ တချို့ဆိုရင် နိုင်ငံရေး ခေါင်းဆောင်တွေပါတယ် အဲဒါ အခွင့်အရေးကောင်းတခုပဲ၊ ဒါကြောင့် အဲဒီ အခွင့်အရေးကိုယူပြီးတော့ မြန်မာပြည်အကြောင်းကို တခါမှ မကြားဘူးတဲ့ လူတွေ ကိုသွားပြောပြမယ်”ဟု ဇိုယာဖန်းက ဆက်ပြောသည်။

ထို့အပြင် ယခုနှစ် အတွင်း ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများကို တက်ရောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာတွင် နားလည် သဘောပေါက်ရေး၊ အများအကျိုးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်းလည်း ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

သက်တမ်း ၄၀ ပြည့်တော့မည့် World Economic Forum သည် နိုင်ငံတကာအရေး၊ ဒေသဆိုင်ရာ အရေး အခင်းများနှင့် ပတ် သက်ပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူများ၊ ခေါင်းဆောင်များကို ညှိနှိုင်းဆွေးနွေးရန် စီစဉ် ပေးသည့် အဖွဲ့ကြီး ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း နိုင်ငံပေါင်းစုံမှ ထက်မြက်သည့် လူငယ် ၂၀၀၊ ၃၀၀ ခန့်ကို ရွေးချယ်ပြီး ကမ္ဘာ့ရေးရာများနှင့် ပတ်သက်၍ ပြောဆို ဆွေးနွေး၊ လှုပ်ရှားစေခြင်းဖြင့် အနာဂတ်ကမ္ဘာကြီးအတွက် အားကောင်းသည့် နိုင်ငံတ ကာကွန်ရက်တခု ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ပေးလေ့ရှိသည်။

ပိုးကရင်တိုင်းရင်းသူ တဦးဖြစ်သည့် ဇိုယာဖန်းသည် လက်ရှိ အင်္ဂလန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး UK အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign-UK) ၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ တဦး အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၌ ထိုင်းမြန်မာ နယ်စပ် တနေရာတွင် အမည်မသိ သေနတ် သမား များ၏ လုပ်ကြံမှုကြောင့် ကွယ်လွန်သူ ကရင်အမျိုးသား အစည်းအရုံး(KNU)တွင် အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာလဖန်း ၏ သမီးလည်းဖြစ်သည်။